ကျိုက်ထိုမြို့နယ်၌ ပြည်သူလူထုပူးပေါင်းပါဝင်သောသစ်ပင်စိုက်ပျိုးခြင်း အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

ကျိုက်ထို ဩဂုတ် ၁၁

 

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံ‌‌ရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူများ ပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုးခြင်း အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လူထုအ‌ခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။

 

ဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယ ဦးစီးမှူး ဒေါ်အေးယုဝေက အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ပြောကြားပြီး သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးဇင်ကိုလတ်က သစ်တောသစ်ပင်များ၏အရေးပါပုံ၊ သစ်တောသစ်ပင်များသည် လူသားများအတွက်သာမက သက်ရှိလောကအတွက်ပါ အရေးပါပုံနှင့် သစ်ပင်များ ရှင်သန်စေရန် ထိန်းသိမ်းသင့်ပုံအကြောင်းကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုး(ပြန်/ဆက်)