ကျိုက်ထိုမြိုနယ် အင်္ဂဘိုကျေးရွာရှိ Telenor နှင့် Mytel တာဝါတိုင် မိုင်းခွဲတိုက်ခိုက်ခံရ

ကျိုက်ထို စက်တင်ဘာ  ၁၁


ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာရှိ Telenor နှင့် Mytel တွဲလျက် ချိတ်ဆက်ထုတ်လွှင့်နေသည့် ဆက်သွယ်ရေး တာဝါတိုင်အား စက်တင်ဘာ ၁၁ ရက် နံနက် ၆ နာရီ မိနစ် ၅၀ ခန့်တွင်  အကြမ်းဖက် သောင်းကျန်းသူ (စိစစ်ဆဲ) အဖွဲ့မှ မိုင်းထောင် ဖောက်ခွဲခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဆက်သွယ်ရေး တာဝါတိုင် မိုင်းထောင်ဖောက်ခွဲခံရသည့် နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူးပြည်ထွန်း၊ အမှတ်(၉၆) ခြေလျင်တပ်ရင်းမှ ဗိုလ်မှူးသက်ခိုင်စိုးနှင့် တပ်ဖွဲ့၀င်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းဇော်ဦးနှင့် တပ်ဖွဲ့၀င်များက သွားရောက်ကြည်ရှုစစ်ဆေးရာ အင်္ဂဘိုကျေးရွာ၊ ရွာလယ်ပိုင်း၊ ရန်ကုန်- မော်လမြိုင် ကားလမ်း ဝဲဘက်ခြံဝင်းအတွင်းရှိ Telenor နှင့် Mytel တွဲလျက် ချိတ်ဆက်ထုတ်လွှင့်နေသည့် ဆက်သွယ်ရေး တာဝါတိုင်အား မိုင်းထောင် ဖောက်ခွဲခဲ့ခြင်းဖြစ်ကာ တာဝါတိုင်မှာ ပြိုလဲခြင်း မရှိဘဲ တာဝါတိုင် စက်ခန်းအတွင်း ပျက်စီးမှု အချို့ရှိကြောင်းနှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးများအား စိစစ်လျက်ရှိကြောင်း သိရသည်။

 

ကျိုက်ထို(ပြန်/ဆက်)

 

mdn