ကျိုက္ခမီ ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်

 သံဖြူဇရပ် အောက်တိုဘာ ၁၁

 

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ ဆုတောင်းပြည့်ရေလယ် ဆံတော်ရှင်မြတ်ဘုရားကြီး၏ နှစ်စဉ် ကျင်းပမြဲဖြစ်သော ဗုဒ္ဓပူဇနိယ ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဘုရားပွဲတော်ကို ၁၃၈၈ ခုနှစ် သီတင်းကျွတ်လဆန်း ၁၄ ရက်မှ လပြည့်ကျော် ၅ ရက်အထိ ငါးရက်တိုင်တိုင် မဟာပဋ္ဌာန်းကျမ်း မြတ်ရွတ်ဖတ်ပူဇော်ပွဲ၊ အဘိဓမ္မာအခါတော်နေ့အခမ်းအနား၊ ပျော်ပွဲရွှင်ပွဲ များ၊ မြန်မာဇာတ်ပွဲများ၊ အားကစားပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသီဟအောင်ထံမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)