ကိုဗင်ထရီအသင်း ၂၅ နှစ်အတွင်း ပရီမီယာလိဂ်ပထမဆုံးအိမ်ကွင်း နိုင်ပွဲစတင်ရရှိ

ပရီမီယာလိဂ်ပွဲစဉ်(၆)ရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ကိုဗင်ထရီအသင်းနဲ့ နယူးကာဆယ်အသင်းတို့ပွဲစဉ်ကို အောက်တိုဘာ ၁၂ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ကိုဗင်ထရီအသင်းက လေးဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

အဲဒီပွဲစဉ်မှာ ကိုဗင်ထရီအသင်းအတွက် သွင်းဂိုးတွေကို  ပထမပိုင်းပွဲကစားချိန် ခြောက်မိနစ်မှာ ရူဒိုနီကတစ်ဂိုး၊ ၄၈ မိနစ် မှာ ချီရစ်ဖ်ကတစ်ဂိုး၊  ၈၁  မိနစ်မှာ အဲလစ်ဆင်းမ်ကတစ်ဂိုး၊   ၈၆  မိနစ်မှာ အမ်ဖူနီကတစ်ဂိုး အသီးသီးသွင်းယူပေးခဲ့ကာ    နယူးကာဆယ်အသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ ပွဲကစားချိန်မိနစ် ၇၀ မှာ ဘော့မန်းက  သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ကိုဗင်ထရီအသင်းအနေနဲ့  နယူးကာဆယ်အသင်းကို  အနိုင်ရရှိခဲ့ခြင်းဟာ ၂၅ နှစ်တာကာလအတွင်း ပရီမီယာလိဂ်ပြိုင်ပွဲမှာ ပထမဆုံးအိမ်ကွင်း နိုင်ပွဲစတင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ကိုဗင်ထရီအသင်းဟာ နယူးကာဆယ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ်(၆)ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ခြောက်မှတ်သာရရှိခဲ့ပြီး အမှတ်ပေးဇယား အဆင့်(၁၄)နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

နယူးကာဆယ်အသင်းကတော့ ကိုဗင်ထရီအသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် ပရီမီယာလိဂ်ပွဲစဉ်(၆)အပြီးမှာ ရမှတ် ရှစ်မှတ် စုဆောင်းနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့်(၁၁)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။                                                                       

ငွေကြယ်