ချင်းရိုးရာနှစ်သစ်ကူးပွဲတော်( ကောက်သစ်စားပွဲ )ဖလမ်းမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဖလမ်း           ၂၆        အောက်တိုဘာ       

 

ချင်းရိုးရာနှစ်သစ်ကူးပွဲတော်( ကောက်သစ်စားပွဲ )ကို ဖလမ်းနှစ်ခြင်းခရစ်ယာန် လူငယ်များ၏ ဦးဆောင်မှုဖြင့် အောက်တိုဘာ ၂၆ ရက် နံနက် ၁၀ နာရီက ဖလမ်းမြို့ မြို့နယ်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

 

အခမ်းအနားကို သိက္ခာတော်ရဆရာတော် ဒေါက်တာ ဖွန်ဟရမ်းအွယ်၏ ဆု တောင်းဆက်ကပ်ခြင်းဖြင့် စတင်ပြီး ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်း က အမှာစကားပြောကြားသည်။ ထို့နောက် မြို့မိမြို့ဖအဖွဲ့ဝင် ဒေါ်စာရက ချင်းရိုးရာ နှစ်သစ်ကူးပွဲတော်အကြောင်း စာတမ်းဖတ်ကြားပြီး နှစ်သစ်တွင် ကောင်းချီးမင်္ဂလာ ရရှိနိုင်ရေးအတွက် သိက္ခာတော်ရဆရာတော် ထန်ဇခုမ်းက ဆုတောင်းပေးသည်။

 

1

 

ဆက်လက်ပြီး ဖလမ်းလူငယ်များက ချင်းရိုးရာအကများဖြင့် ကပြဖျော်ဖြေ ခဲ့ကြသည်။

 

ချင်းရိုးရာနှစ်သစ်ကူးတော်သည် ရှေးပဝေဏီကပင် ချင်းလူမျိုးများနေထိုင်သော ရပ် ရွာဒေသများအလိုက် နှစ်စဉ်တောင်ယာစိုက်ပျိုးသီးနှံ ရိတ်သိမ်းပြီးစီးသည့် အောက်တိုဘာလ သီတင်းကျွတ်လပြည့်နေ့ကို အခြေခံပြီး ၃ ရက်တိုင်တိုင် ကျင်းပကြသည်။ ချင်းရိုးရာ နှစ်သစ်ကူးပွဲတော်သည် ပွဲတော်အခေါ်အဝေါ် ကွဲပြားကြသော် လည်း ရည်ရွယ်ချက်မှာမူ အတူတူပင်ဖြစ်သည်။

 

 ပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်မှာ တစ်နှစ်တာကာလအတွင်း ရောဂါဘယများကြားမှ အသက်ရှင်ကျန်းမာခွင့်ပေးပြီး တောင်ယာလုပ်ကိုင်နိုင်တဲ့အခွင့်၊ စိုက်ပျိုးသီးနှံများကောင်းမွန်ပြီး ကောက်ပဲသီးနှံများ အချိန်တန်ရိတ်သိမ်းနိုင်ခွင့်၊ အိမ်မွေးတိရစ္ဆာန်များတိုးပွားရှင်သန်ခွင့်၊ မိသားစုအတွင်း သား/သမီးများ ထွန်းကားခွင့်အသီးသီးကို ကောင်းချီးပေးသနားတော်မူသော ဘုရားသခင်ထံ ကျေးဇူးဆပ် ပူဇော်ပသသည့် ပွဲတော်ဖြစ်ကြောင်း သိရသည်။

 

ဂျွန်( ပြန်/ဆက် )