ချင်းရွှေဟော်၌ ကိုရိုနာဗိုင်းရပ်စ်(အဆုတ်ရောင်)ရောဂါ ကြိုတင်ကာကွယ်ရေးဆောင်ရွက်

ချင်းရွှေဟော် ၂၇ ဇန်နဝါရီ 

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  လောက်ကိုင်မြို့နယ်၊  ချင်းရွှေဟော်မြို့   မြန်မာ- တရုတ် အဝင်အထွက်နယ်စပ်ဂိတ်၌ တရုတ်နိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် ကိုရိုနာဗိုင်းရပ်(အဆုတ်ရောင်)ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများကို ဇန်နဝါရီ ၂၇ ရက် နံနက်(၉)နာရီမှစတင်၍ ဆောင်ရွက် လျက်ရှိသည်။

 

အဆိုပါ ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းကို ချင်းရွှေဟော်မြို့ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင်၊ ပြည်သူ့ဆေးရုံတာဝန်ခံ ဒေါက်တာသီဟနှင့် ကျန်းမာရေးဝန်ထမ်းများမှ ဉီးဆောင်ပြီး ဌာနဆိုင်ရာများ ပူးပေါင်းကာ တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်လာသူများကို  အဖျားတိုင်းတာခြင်း၊   ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခြင်းရှိ/မရှိ စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

 

ဆက်လက်၍  ချင်းရွှေဟော်မြို့  မြန်မာ-တရုတ်နယ်စပ်ဂိတ်၌   ကိုရိုနာဗိုင်းရပ်(အဆုတ်ရောင်)ရောဂါ ကူးစက်မှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရန်  ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်း များကို    စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်

ဖြစ်ကြောင်း သိရှိရသည်။

 

မြို့နယ်၊ပြန်/ဆက်