ရန်ကုန် ဩဂုတ် ၁
ခွင့်ပြန် မြန်မာလုပ်သားများအတွက် ဩဂုတ် ၁ ရက်မှစတင်၍ ထောက်ခံစာနှင့် ဖောင်ကြေး ကိုရီးယားဝမ် ၁၀၀၀၀ ဖြင့် ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။
ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာနိုင်ငံသားများ ခွင့်ဖြင့်မြန်မာနိုင်ငံသို့ ပြန်လာရာတွင် သက်ဆိုင်ရာ သံရုံး၏ထောက်ခံချက် ယူဆောင်ရန် အလုပ်သမားဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက ကြေညာခဲ့ခြင်းအပေါ် မြန်မာသံရုံး ဆိုးလ်မြို့မှ PJ အမျိုးအစား သာမန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ မြန်မာနိုင်ငံသားများ ခွင့်ပြန်ရာတွင် ဆောင်ရွက်ပေးမည့် အစီအစဉ်ကို ၂၀၂၆ ခုနှစ် ဧပြီ ၃၀ ရက်စွဲဖြင့် ကြေညာခဲ့ပြီး ဖြစ်ကြောင်း သံရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ခွင့်ပြန်သည့် မြန်မာ နိုင်ငံသားများအတွက် ထောက်ခံစာများကို မူလကတစ်စောင်လျှင် ကိုရီးယားဝမ် ၄၀၀၀၀ နှင့် ဖောင်ကြေး ကိုရီးယားဝမ် ၁၀၀၀ ကောက်ခံလျက်ရှိရာ ဩဂုတ် ၁ ရက်မှစတင်၍ ထောက်ခံစာ တစ်စောင်လျှင် ကိုရီးယားဝမ် ၉၀၀၀ နှင့် ဖောင်ကြေး ကိုရီးယား ဝမ် ၁၀၀၀ စုစုပေါင်းကိုရီးယားဝမ် ၁၀၀၀၀ ဖြင့် ပြောင်းလဲကောက်ခံ သွားမည်ဖြစ်ကြောင်း သိရသည်။
MT


