ချမ်းအေးသာစံမြို့နယ်၌ သမဝါယမအသင်းလီမိတက် နှစ်ပတ်လည်အစည်းအဝေး ကျင်းပ

ချမ်းအေးသာစံ ဇူလိုင် ၂၉

 

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ရွှေပြည်သစ် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း လီမိတက်နှင့် ပြည့်စုံချမ်းသာ သမဝါယမအသင်းလီမိတက်တို့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်ပွဲကို တိုင်းဒေသကြီးသမဝါယမ ဦးစီးဌာန၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

 

ဦးစွာ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဌေးနှင့် ချမ်းအေးသာစံမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမာဌေးတို့က အမှာစကား ပြောကြားသည်။ ထို့နောက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ ဖတ်ကြားခြင်း၊ ဘဏ္ဍာရေးရှင်းတမ်း၊ အမြတ်ခွဲဝေစာရင်းနှင့် ရှေ့လုပ်ငန်းစဉ်များကို တာဝန်ရှိသူများက ဖတ်ကြားသည်။

 

ထို့နောက် ရွှေပြည်သစ်အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမအသင်း လီမိတက်နှင့် ပြည့်စုံချမ်းသာ သမဝါယမအသင်းလီမိတက် အမှုဆောင်အဟောင်းအဖွဲ့ နုတ်ထွက်ခဲ့ပြီး အသင်းအမှုဆောင်နှင့် အသင်းစာရင်းစစ်များအား အဆိုပြုထောက်ခံ စနစ်ဖြင့်ရွေးချယ်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)