ခြေကျင်းဝတ်ဒဏ်ရာကြောင့် ကွင်းလယ်ကစားသမား ပေါ့ဘာ ဒီဇင်ဘာလအထိ မန်ယူအသင်းနဲ့အတူ ပါဝင်လာနိုင်မည်မဟုတ်ဟုဆို

၂၉  အောက်တိုဘာ

မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ခြေချင်းဝတ်ဒဏ်ရာ ရရှိထားတာကြောင့် ဒီဇင်ဘာလအထိ မန်ယူအသင်းနဲ့အတူ ပါဝင်လာနိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိ ပေါ့ဘာဟာ ၂၀၁၆ ခုနှစ်က မန်ယူအင်းကို ပြောင်းရွှေ့ကြေးပေါင် ၈၉ သန်းနဲ့ ဂျူဗင်တပ်အသင်းကနေ ပြန်လည် ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး စက်တင်ဘာလကုန်ပိုင်းက အာဆင်နယ်အသင်းနဲ့ သရေပွဲဖြစ်ခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်နောက်ပိုင်း မန်ယူအသင်းနဲ့အတူ ပါဝင်မလာခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာလမတိုင်မီ အသင်းနဲ့အတူ ပါဝင်လာမှမဟုတ်ကြောင်းနဲ့ ဒဏ်ရာအပြည့်အဝ ပြန်လည်သက်သာလာဖို့ အတွက်လည်း အချိန်ယူရဦးမယ်လို့ နည်းပြဆိုးရှားက ပြောကြားထားပါတယ်။

ငွေကြယ်