ရန်ကုန် အောက်တိုဘာ ၈
နိုင်ငံတော်၏မူဝါဒများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးတို့ကို လေ့လာသိရှိ နိုင်စေရန် ဒေသန္တရဗဟုသုတလေ့လာရေး ခရီးများကို ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၌ ပညာသင်ယူနေသည့် ကျောင်းသား ကျောင်းသူများအား စဉ်ဆက်မပြတ် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်) ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူ ၂၆၇ ဦးတို့သည် ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ အမျိုးသားစာကြည့် တိုက်နှင့် စာဆိုဗိမာန်တို့သို့ ဒေသန္တရဗဟုသုတလေ့လာရေးခရီး သွားရောက်ကြသည်။
ကျောင်းဆင်းပြီး နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်သည့်အခါ အဆိုပါလေ့လာရေးခရီးများမှ ရရှိလာသည့် အတွေ့အကြုံဗဟုသုတများကို လက်တွေ့အသုံးချကာ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေး တက်ကြွစွာပါဝင်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


