ပုသိမ် ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီးအတွင်း လမ်းဘေးဝဲ၊ ယာများ၌ စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်ဖြစ်ပေါ်လာရေး၊ တိုင်းဒေသကြီးမိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ တစ်အုပ်တစ်မ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့မွန်းလွဲပိုင်းက ကျောင်းကုန်းမြို့နယ် အပင်နှစ်ဆယ် ဘူတာစုကျေးရွာတွင် ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့နာယက ဒေါ်သက်သက်ဆွေက အဖွဲ့ဝင်များထံသို့ စိုက်ပျိုးမည့် ပျိုးပင်များပေးအပ်ခဲ့ကာ တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ဦးဆောင်၍ သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက် လာကြသူများက ရတနာတန်းဝင်ကျွန်းပင်များ စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


