ကျောင်းကုန်း စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ကျောင်းအိုင်အုပ်စု အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) (ပျော်ဘွယ်ကုန်း)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
ဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးသက်နိုင်ဦးက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်းကို ဟောပြောခဲ့သည်။
ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးတင်ကိုက အန္တရာယ်ကင်းစွာစားသုံးရန် အသိပညာပေးဟောပြောပြီး ဝက်ချောင်းကျေးလက်ကျန်းမာရေးဌာနမှ အမျိုးသမီးဆရာမ ဒေါ်စန္ဒာမြင့်က ကျန်းမာရေးကိစ္စရပ်များ ဟောပြောခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)


