ကျောင်းကုန်းမြို့၌ ရေနုတ်မြောင်းများ တူးဖော်နေမှု ကြည့်ရှုစစ်ဆေး

ကျောင်းကုန်း ဩဂုတ် ၁၁

 

ဧရာဝတီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်ဦးနှင့် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးတို့သည် ကျောင်းကုန်းမြို့ စည်ပင်သာယာရေးအဖွဲ့ပိုင် ပျံကျဈေးသား ငါးတန်းရေနစ်မြုပ်မှုအား ယနေ့မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ မြို့မဈေးကြီးအတွင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းစီးဆင်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့တွင်းရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းတူးဖော်နေမှု ကိုကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)