ကျောင်းကောင်စီဥက္ကဋ္ဌဖလား မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မူဆယ်   ဩဂုတ်   ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၏    ကျောင်းကောင်စီဥက္ကဋ္ဌဖလား  မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ က အဆိုပါ ကျောင်းအားကစားကွင်း၌ ကျင်းပသည်။

အဆိုပါအားကစားပြိုင်ပွဲတွင် အသက်(၁၆)နှစ်အောက် ကျား/မ ဘောလုံးအသင်း ၁၀ သင်းနှင့် အသက် (၈)နှစ်အောက် ကျား/မ ဘောလုံး အသင်း ၁၀ သင်းတို့ ပါဝင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ပထမပွဲစဉ်အဖြစ် အသက်(၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းများက ယှဉ်ပြိုင်ကစားခဲ့ကြ သည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးM အောင်ဂျာ၊ ခရိုင်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါ်လွင်လွင်အောင်နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကျောင်းသား  ကျောင်းသူများ   တက်ရောက်ကြကြောင်း သိရသည်။                                                         

ခရိုင်(ပြန်/ဆက်)