ကော့မှူးမြို့နယ် ရှာဘွားကျေးရွာမွေးမြူရေးဇုန်၌ အာဖရိကဝက်အပြင်းဖျားရောဂါ အသိပညာပေးဟောပြော

ကော့မှူး ဇူလိုင် ၂၉

 

ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်၌ ဝက်များတွင် ဖြစ်တတ်သော အာဖရိကဝက် အပြင်းဖျား ရောဂါအသိပညာပေး ဟောပြောပွဲကို ဇူလိုင် ၂၈ ရက်က ရှာဘွားကျေးရွာ မွေးမြူရေးဇုန် အုပ်ချုပ်မှု ရှင်းလင်းဆောင်ခန်းမ၌ ကျင်းပသည်။

 

ဟောပြောပွဲတွင် မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ မိုးဆမ်းပန်းက အာဖရိကဝက် အပြင်းဖျားရောဂါနှင့်ပတ်သက်၍ မွေးမြူရေးခြံများ ဇီဝလုံခြုံမှုကို အလေးထား ဆောင်ရွက်ကြရန်နှင့် အာဖရိကဝက် အပြင်းဖျားရောဂါနှင့်ပတ်သက်သည့် ရောဂါကူးစက် ပျံ့နှံ့ပုံ၊ ရောဂါလက္ခဏာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)