ကျောက်တန်းမြို့နယ်၌ မြို့နယ်သမဝါယမအသင်း အစည်းအဝေးကျင်းပ

ကျောက်တန်း စက်တင်ဘာ ၁၄

 

ကျောက်တန်းမြို့နယ်၌ မြို့နယ် သမဝါယမအသင်းစု လီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ဒါရိုက်တာအဖွဲ့ဝင်များ အသင်းသားစာရင်းစစ်များ ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ကျောက်တန်းမြို့နယ် အသင်းစုခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဖွဲ့စည်းရေးကော်မရှင်ဥက္ကဋ္ဌ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဥမ္မာမြင့်က သမဝါယမဥပဒေသစ်အရ ဒါရိုက်တာအဖွဲ့ဝင်သစ်များ ရွေးချယ်တင်မြှောက်ပြီး တာဝန်ခွဲဝေခြင်း၊ ကတိသစ္စာခံယူခြင်းများ ဆောင်ရွက်သည်။

 

ယင်းနောက် အသင်းဝင်အခြေခံအသင်းများအား အစုပေါ်အမြတ်ငွေ ကျပ် ၃၅၂၀၂၂၀ ကို ပေးအပ်ခဲ့ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့်အသင်းများအနက် သွင်းအားစုငွေများကို အစောဆုံးပြန်လည်ပေးဆပ်ခဲ့သည့် ရွှေကံကော်အသင်းအား ဂုဏ်ပြုဆုပေးအပ်ခဲ့ကြောင်း သိရသည်။

 

သန့်ဇင်ထွန်း