ကျောက်တန်းမြို့နယ် အလယ်ပိုင်းရပ်ကွက်၌ ပြည်သူ့စကားဝိုင်းကျင်းပ

ကျောက်တန်း ဇူလိုင် ၃၀

 

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် ပြည်သူများနှင့် ပူးပေါင်း၍ ကျင်းပသော ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျောက်တန်းမြို့နယ် အလယ်ပိုင်းရပ်ကွက်မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ရုံးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမင်းမိုးနှင့် ဦးမျိုးမြင့်တို့က အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက ပြည်သူ့စကားဝိုင်း (Public Talk) ဆောင်ရွက်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်ဦးက မြို့တွင်းသန့်ရှင်း သာယာလှပရေး၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးထွန်းဝင်းလတ်က ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ပြည်သူများက သိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

သန့်ဇင်ထွန်း