ကျောက်မဲမြို့၌ ဆုံဆို့ (သံသယ) လူနာတွေ့ရှိမှုကြောင့် အခြေခံပညာကျောင်းများ၌ ကာကွယ်ဆေးများနှင့် ကြိုတင်ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံတိုက်ကျွေး

​ကျောက်မဲ စက်တင်ဘာ ၂၃

 

​ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်၌ ဆုံဆို့ (သံသယ) လူနာတွေ့ရှိမှုကြောင့် ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အလက (၃)နှင့် ကျောက်မဲကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတို့တွင် ကျောင်းသား ကျောင်းသူမျာအား ကာကွယ်ဆေးများ ထိုးနှံခြင်းနှင့် ကြိုတင်ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံ တိုက်ကျွေးခဲ့သည်။

 

​အဆိုပါ ကျောင်းများတွင် အသက်အရွယ်အလိုက် သတ်မှတ်ထားသော ကာကွယ်ဆေး အမျိုးအစားများနှင့် ကြိုတင်ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးခဲ့ရာ စုစုပေါင်း ၁၆၅ ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 

​အဆိုပါ ကွင်းဆင်းဆောင်ရွက်မှု အခြေအနေများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ပံ့ပိုးဆောင်ရွက်ပေးခဲ့သည်။ ​

ခရိုင်(ပြန်/ဆက်)