ကျောက်ဆည် အောက်တိုဘာ ၂၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျောက်ဆည်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေကျပ် ၁၀၈ ဒသမ ၅၅၂ သန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကျောက်ဆည်-တံတားဦးလမ်းမှ ပွတ္တိုင် ရွာအဝင်လမ်း (၀/၃)မိုင် ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းက ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန(ရုံးချုပ်) အင်ဂျင်နီယာချုပ်(မြို့ပြ)က ကွင်းဆင်းစစ်ဆေးသည်။
အဆိုပါလမ်းပြီးစီးပါက ကျေးရွာပေါင်း နှစ်ရွာ၊ အိမ်ခြေ ၄၇၅ အိမ်၊ လူဦးရေ ၂၂၀၀ ၏ ပညာရေး၊ ကျန်းမာရေးနှင့် ကျေးလက်ထုတ်ကုန်များ ဈေးကွက်သို့ တင်ပို့ရောင်းချရာတွင် များစွာ အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)


