ကာဂျစ္စတန်နိုင်ငံ၏ ယခုနှစ်ပထမနှစ်ဝက်အတွင်း နို့ထွက်ပစ္စည်း တင်ပို့တန်ချိန် ၂၀၀၀၀ နီးပါးရှိ

ဩဂုတ် ၆

ကာဂျစ္စတန်နိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ဥရောပအာရှစီးပွားရေးသမဂ္ဂဝင် နိုင်ငံများနှင့် တတိယနိုင်ငံများသို့ နို့ထွက်ပစ္စည်း တန်ချိန် ၁၉၉၁၅ ဒသမ ၅၅ တန် တင်ပို့ခဲ့ကြောင်း ကာဂျစ္စတန်အစိုးရက ယမန်နေ့က ပြောကြားခဲ့သည်။

ထိုကာလအတွင်း ကာဂျစ္စတန်၏ နို့ထွက်ပစ္စည်း တင်ပို့မှုတွင် ရေခဲမုန့် ၂၃၃၉ တန်၊ ထောပတ် ၁၀၀ ဒသမ ၅၆ တန်၊ ဒိန်ခဲ ၆၇၄ ဒသမ ၅၄ တန်၊ အချဉ်ဖောက်ထားသော နို့ထွက်ပစ္စည်း ၁၉၇ ဒသမ ၇၇ တန်နှင့် နို့ရည်ကြည် ၁၈၉ တန်တို့ပါဝင်သည်ဟု ရေအရင်းအမြစ်၊ စိုက်ပျိုးရေးနှင့် ပြုပြင်ထုတ်လုပ်ရေး ဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

 

နိုင်ငံ၏ သဘာဝပျားရည် တင်ပို့မှုမှာလည်း တိုးတက်လာခဲ့သည်။ ယခုနှစ် ပထမခြောက်လအတွင်း ပျားရည် ၂၂၈ ဒသမ ၈၄ တန်ကို ပြည်ပဈေးကွက်များသို့ တင်ပို့ခဲ့သည်။

ကာဂျစ္စတန်နိုင်ငံသည် ကမ္ဘာ့ဈေးကွက်တွင် အရည်အသွေးမြင့်ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသော စားသောက်ကုန်များထုတ်လုပ်ခြင်းကိုအာရုံစိုက်ကာ စိုက်ပျိုးရေးဆိုင်ရာပြုပြင်ထုတ်လုပ်ခြင်းကို ဆက်လက် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်လျက်ရှိပြီး ပို့ကုန်အလားအလာကို မြှင့်တင်လျက်ရှိကြောင်း ထိုဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို