ဇူလိုင်လ (ပထမ) ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်နိုင်သော စိုက်ပျိုးရေးဆိုင်ရာ (ပျှမ်းမျ) မိုးလေဝသ အချက်အလက် ခန့်မှန်းချက်များ

နေပြည်တော် ၁ ဇူလိုင်

 

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ(တတိယ)ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော စိုက်ပျိုးရေး မိုးလေဝသ အခြေအနေများ အကျဉ်းချုပ်နှင့်၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ လပတ်နှင့် ဇူလိုင်လ (ပထမ) ဆယ်ရက်ပတ် အတွင်း ဖြစ်ပေါ်နိုင်သော စိုက်ပျိုးရေးဆိုင်ရာ(ပျှမ်းမျ)မိုးလေဝသအချက်အလက်ခန့်မှန်းချက်များ

 

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (တတိယ)ဆယ်ရက်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော မိုးလေဝသ အခြေအနေများ ပေါ်မူတည်၍ စိုက်ပျိုးရေးဆိုင်ရာမိုးလေဝသအချက်အလက်များ အကျဉ်းချုပ်ကို အောက်ပါအတိုင်း ဆန်းစစ်ဖေါ်ပြအပ်ပါသည်။

 

ဘင်္ဂလားပင်လယ်အော်အခြေအန---ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိခဲ့ပါသည်။

 

မိုးရွာသွန်းမှုအခြေအနေ----၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (တတိယ)ဆယ်ရက်ပတ်အတွင်း မိုးရွာသွန်းမှု အခြေအနေများမှာ - ရန်ကုန်တိုင်းဒေသကြီး တွင် ဇွန်လ (တတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန် ခန့်သာ ရှိခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဇွန်လ (တတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့အောက်လျော့နည်းခဲ့ကာ၊ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)နှင့် ကချင်ပြည်နယ်တို့တွင် ဇွန်လ (တတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှမိုးရေချိန်တို့ထက် ပိုခဲ့ပါသည်။

 

မိုးရွာရက်များအနေဖြင့် - စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့်တောင်ပိုင်း)တို့တွင် (၁)ရက်မှ (၂)ရက်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် (၄)ရက်မှ (၆)ရက်နှင့် ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၈)ရက်မှ (၁၀)ရက် မိုးရွာသွန်းခဲ့ပါသည်။

 

အမြင့်ဆုံးအပူချိန်အခြေအနေ --၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (တတိယ)ဆယ်ရက်ပတ်အတွင်း (နေ့အပူချိန်) အခြေအနေများမှာ - ကချင်ပြည်နယ်တွင် ဇွန်လ(တတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံး အပူချိန်ခန့်သာရှိခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် ဇွန်လ (တတိယ)ဆယ်ရက်ပတ်၏ ပျမ်းမျှအမြင့်ဆုံး အပူချိန်ထက် (၁၁)ဒီဂရီဖာရင်ဟိုက်၊ ကရင်ပြည်နယ်တွင် (၈)ဒီဂရီဖာရင်ဟိုက်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် (၄)ဒီဂရီ ဖာရင်ဟိုက်မှ (၆)ဒီဂရီဖာရင်ဟိုက်အထိနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး (တောင်ပိုင်းနှင့်အနောက်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့်မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် (၂)ဒီဂရီဖာရင်ဟိုက်မှ (၃)ဒီဂရီ ဖာရင်ဟိုက်အထိ ပိုခဲ့ပါသည်။

 

အနိမ့်ဆုံးအပူချိန်အခြေအနေ---၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (တတိယ)ဆယ်ရက်ပတ်အတွင်း (ညအပူချိန်) အခြေအနေများမှာ - ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် ဇွန်လ(တတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံး အပူချိန်ခန့်သာရှိခဲ့ပြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဇွန်လ (တတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံးအပူချိန်အောက် (၇)ဒီဂရီဖာရင်ဟိုက်နှင့် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ် နှင့် ကယားပြည်နယ်တို့တွင် (၁)ဒီဂရီဖာရင်ဟိုက်မှ (၃)ဒီဂရီဖာရင်ဟိုက်အထိ လျော့နည်းခဲ့ကာ၊ မကွေးတိုင်းဒေသကြီးတွင် ဇွန်လ (တတိယ) ဆယ်ရက်ပတ်၏ ပျမ်းမျှအနိမ့်ဆုံး အပူချိန်ထက် (၅)ဒီဂရီဖာရင်ဟိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည် နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၁)ဒီဂရီဖာရင်ဟိုက်မှ (၃)ဒီဂရီဖာရင်ဟိုက်အထိ ပိုခဲ့ပါသည်။

 

လေထုအတွင်းရေငွေ့ပါဝင်မှုအခြေအနေ--၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (တတိယ)ဆယ်ရက်ပတ်အတွင်း (လေထုစိုထိုင်းဆ) အခြေအနေများမှာ - မန္တလေးတိုင်း ဒေသကြီးတွင် (၆၄%)၊ စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် (၇၃%)မှ (၈၀%)အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်းနှင့်အနောက်ပိုင်း)၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင်(၈၁%)မှ (၈၆%)အတွင်းနှင့် ပဲခူးတိုင်းဒေသကြီး(တောင်ပိုင်း)၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် (၉၀%)မှ (၉၃%)အတွင်း အသီးသီးရှိခဲ့ပါသည်။

 

ပင်ငွေ့ရေငွေ့ပျံနှုန်းအခြေအနေ--၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (တတိယ)ဆယ်ရက်ပတ်အတွင်း (ပင်ငွေ့ရေငွေ့ပျံနှုန်း) အခြေအနေများမှာ - ပဲခူးတိုင်း ဒေသကြီး(တောင်ပိုင်း)၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်း ပြည်နယ်(အရှေ့ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် (၂၃ မီလီမီတာ)မှ (၃၀ မီလီမီတာ)အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်းနှင့် အနောက်ပိုင်း) ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့်တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၃၁ မီလီမီတာ)မှ (၄၀ မီလီမီတာ)အတွင်းနှင့် စစ်ကိုင်းတိုင်းဒေသ ကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် (၄၉ မီလီမီတာ)မှ (၅၅ မီလီမီတာ) အတွင်း အသီးသီးရှိခဲ့ပါသည်။

 

(ဖြစ်နိုင်စွမ်း ပင်ငွေ့ရေငွေ့ပျံနှုန်းအား HARGREAVES METHOD ဖြင့် တွက်ချက်ထားပါသည်။)

 

မြေဆီလွှာအောင်းရေအခြေအနေ--၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (တတိယ)ဆယ်ရက်ပတ်အတွင်း (မြေဆီလွှာစိုစွတ်မှု) အခြေအနေများမှာ - စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် (ခြောက်သွေ့)အခြေအနေ၊ ပဲခူးတိုင်း ဒေသကြီး(အနောက်ပိုင်း)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် (စိုစွတ်) အခြေအနေနှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်းနှင့်တောင်ပိုင်း) ၊ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည် နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (ပြည့်ဝ)အခြေအနေ အသီးသီးရှိခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ လပတ်အတွက် မိုးလေဝသခန့်မှန်းချက်

 

ဘင်္ဂလားပင်လယ်အော်အခြေအ‌နေ---ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့် ရှိနိုင်ပါသည်။ ဇူလိုင်လတွင် မုတ်သုံလေအားပြတ်ခြင်း (၁)ကြိမ်ဖြစ်ပေါ်နိုင်ပါသည်။

 

မိုးအခြေအနေ---မိုးရွာသွန်းမှုအခြေအနေမှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ချင်းပြည်နယ် တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ပါသည်။

 

မိုးရွာရက်---စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (တောင် ပိုင်း) ၊ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂၁)ရက်မှ (၂၆)ရက်ခန့်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ကယားပြည် နယ်တို့တွင် (၁၅) ရက်မှ (၂၀)ရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် မကွေးတိုင်း ဒေသကြီးတို့တွင် (၉)ရက်မှ (၁၄)ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်ပါသည်။

 

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (ပထမ)(၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်

 

ဘင်္ဂလားပင်လယ်အော်အခြေအ‌နေ---ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း(၁)ကြိမ် ဖြစ်ပေါ်နိုင်ပါသည်။ အနောက်တောင် မုတ်သုံလေသည် အားအသင့်အတင့် ရှိနိုင်ပါသည်။

 

မိုးအခြေအနေ---မိုးရွာသွန်းမှုအခြေအနေမှာ- စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်း ပြည်နယ်(အရှေ့ပိုင်းနှင့်မြောက်ပိုင်း)တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ပါသည်။

 

မိုးရွာရက်---စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့်မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၇)ရက်မှ (၉)ရက်ခန့်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့်ကယားပြည်နယ်တို့တွင် (၄)ရက်မှ (၆)ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်ပါသည်။

 

မိုးဇလ