ဇမ္ဗူသီရိမြို့နယ်၌ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များအတွက် အလှူငွေများ၊ စားသောက်ကုန်များနှင့် နေ့လယ်စာ ကျွေးမွေးလှူဒါန်း

နေပြည်တော် စက်တင်ဘာ ၂၈

 

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိရပ်ကွက် ကလေးပြုစုရေးဌာန၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက် ရေးဂေဟာရှိ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များအတွက် အလှူငွေများ၊ အာဟာရမုန့်များနှင့် နေ့လယ်စာ ကျွေးမွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

 

ဦးစွာ နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သက်ကြီးရွယ်အိုများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ အားပေးစကား ပြောကြားသည်။

 

ထို့နောက် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာအတွက် ဆန်၊ ဆီ၊ အာဟာရမုန့်များနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းပြီး ကလေးသူငယ်များအတွက် အာဟာရမုန့်များနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်မျိုးထွန်း(ပြန်/ဆက်)