ဇီးကုန်း အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီး ဇီးကုန်း မြို့နယ်၌ စားသုံးဆီလက်လီ/လက်ကားဆိုင်များသို့ စျေးနှုန်း မြှင့်တင်ရောင်းချခြင်း မရှိစေရေး၊ စာအုပ်စနစ်ဖြင့် ပြည်သူများ လက်ဝယ်အရောက် အပြည့်အဝ ရရှိစေရန် ဌာနက လမ်းညွှန်ထား သော မှန်(၆)မှန်နှင့်အညီ ရောင်းချ ပေးစေရေး၊ ပြည်သူများအား နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ လွတ်လပ်စွာ ဝယ်ယူနိုင်ရေး ဗီနိုင်းဖြင့် ချိတ်ဆွဲရောင်းချရန် အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်သည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးမင်းဆွေက ဦးဆောင်၍ ခရိုင်၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဆီလုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်း၍ စားအုန်းဆီများ၊ ဘူးသွတ်ဆီများကို အမှန်တကယ် ရောင်းချနေမှုအခြေအနေ၊ ဝယ်ယူမှုအခြေအနေများ၊ ရည်ညွှန်းဈေးနှင့်အညီ ပြန်ရောင်းစျေးနှင့် စျေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မရှိစေရေးနှင့် တရားမဝင် ဘူးသွတ်ဆီများ ရောင်းချမှု မဖြစ်ပေါ်စေရေးအတွက် မြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)


