ဇီးကုန်း ဩဂုတ် ၂
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ကန္တလီကျေးရွာအုပ်စု ဝက်ကော်ကျေးရွာတွင် မိုးအာကာကျေးရွာစာကြည့်တိုက် အဆောက်အအုံသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်အောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဌေး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးနှင့် စာကြည့်တိုက်ဖွံ့ ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်တို့က စာကြည့်တိုက် အဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရ မတည်ငွေဖြင့်လှူဒါန်းသော သုတ/ရသစာအုပ်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌကလည်းကောင်း၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်အသင်း နှင့် အမျိုးသမီးရေးရာအဖွဲ့တို့က စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ မိုးအာကာစာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့် ကလည်းကောင်း လက်ခံယူခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


