ဇေယျာသီရိ စက်တင်ဘာ ၂၂
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ကျန်းမာရေးမှူး (၄)သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်းတန်းဖွင့်ပွဲသို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဆွေဇင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ပြီး အဆိုပါသင်တန်းသို့ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းမှ သင်တန်းသား သင်တန်းသူ ၄၉ ဦး တက်ရောက်လျက်ရှိသည်။ သင်တန်းတွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ်၊ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ၊ မိခင်နှင့်မျိုးဆက် ပွား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ မွေးကင်းစနှင့် ကလေး ကျန်းမာဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ရောဂါနှိမ်နင်းရေး လုပ်ငန်းများ၊ ကျောင်းကျန်းမာရေး လုပ်ငန်းများစသည့် သင်ခန်းစာများကို စက်တင်ဘာ ၁၄ ရက်မှ စ၍ ခြောက်လကြာ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)


