တူရကီ အနောက်မြောက်ပိုင်းတွင် မီနီဘတ်စ်နှင့် ကုန်တင်ကား တိုက်မိရာ ၄ ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ
တူရကီ အနောက်မြောက်ပိုင်း ကာနက်ကာလီပြည်နယ် ဘီဂါခရိုင်တွင် ကုန်တင်ကားတစ်စီးနှင့် စက်ရုံအလုပ်သမားများ တင်ဆောင်လာသော မီနီဘတ်စ်ကားတစ်စီးတို့ တိုက်မိခဲ့ရာ ၄ ဦးထက်မနည်းသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အိုင်ဟလပ်စ် သတင်းစဉ်က သတင်းထုတ်ပြန်ခဲ့သည်။