ဟင်္သာတမြို့နယ်၌ ခွေး၊ ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ကွက်ပြည့်ထိုးနှံ

ဟင်္သာတ အောက်တိုဘာ ၇

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက သုံးနှစ်ဆက်တိုက် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ကွက်ပြည့်ထိုးနှံခြင်းကို ယမန်နေ့က ယုန်သလင်းတိုက်နယ်၊ ရွှေမန်းလွင်ကျေးရွာနှင့် ပျဉ်းမချောင်းရပ်ကွက်တို့တွင် မြို့နယ်ဦးစီးမှူး ဒေါက်တာယုနန္ဒာအောင် ဦးဆောင်၍ ဝန်ထမ်းများက ခွေးနှင့်ကြောင် ကောင်ရေ ၅၅၆ ကောင်တို့အား အခမဲ့ကွက်ပြည့် ကွင်းဆင်းထိုးနှံ ပေးခဲ့သည်။

 

ဟင်္သာတမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ သုံးနှစ်ဆက်တိုက် ခွေးရူးရောဂါ ကာကွယ်ဆေးအခမဲ့ ကွက်ပြည့်ထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိပြီး ခရိုင်ဦးစီးမှူး ဒေါက်တာအောင်သူမျိုး ဦးဆောင်၍ ပြည်သူအသိပညာပေး ဟောပြောပွဲများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)