ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးအတွက် အမေရိကန်ပြည်ထောင်စုထံမှ တုံ့ပြန်ချက်တစ်ရပ် ရရှိထား

တီဟီရန် အောက်တိုဘာ ၃

ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရေးအတွက် ၎င်းတို့၏ အဆိုပြုချက်နှင့်ပတ်သက်၍ အမေရိကန်ပြည်ထောင်စုထံမှ တုံ့ပြန်ချက်တစ်ရပ် ရရှိထားကြောင်း အီရန်အစိုးရက ယမန်နေ့တွင် ပြောကြားခဲ့သည်။

သို့သော် စည်းကမ်းသတ်မှတ်ချက်များနှင့် ပတ်သက်၍ နှစ်ဖက်စလုံးအကြား သဘောထားကွဲလွဲ မှုများ ရှိနေဆဲဖြစ်သည့်အတွက် ညှိနှိုင်းဆွေးနွေးမှုများ၏ အလားအလာမှာ မရေမရာဖြစ်နေကြောင်း သိရသည်။

အီရန်ဘက်က ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန်အတွက် ခုနစ်ရက်ကြာ အစီအစဉ်တစ်ခုကို တင်ပြထားသည်။ အမေရိကန်နှင့် အီရန်တို့မှ တာဝန်ရှိသူများသည် ကာတာနိုင်ငံမှ ကြားဝင်စေ့စပ်သူ များ၏ အကူအညီဖြင့် သွယ်ဝိုက်ဆွေးနွေးမှုများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရတ်ချီက အမေရိကန်၏ တုံ့ပြန်ချက်ကို သမ္မတ မာဆော့ ပီဇက်ရှ်ကီယန်ထံ တင်ပြခဲ့ကြောင်း အီရန်သတင်း မီဒီယာများက ဖော်ပြကြသည်။

အဆိုပါတုံ့ပြန်ချက်တွင် အီရန်၏ နျူကလီးယား အစီအစဉ်နှင့်ပတ်သက်သည့် လက်တွေ့ကျသော အဆင့်များအပါအဝင် ဇွန်လက သဘောတူညီခဲ့ကြသည့် နားလည်မှုစာချွန်လွှာ (MoU) ၏ ပိုမိုကောင်းမွန်သော ပုံစံတစ်ခုဆီသို့ နှစ်ဖက်စလုံး ပြန်လည်ရောက်ရှိစေမည့်လုပ်ငန်းစဉ်ကို ဖော်ပြထားကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ