ဂျပန်နိုင်ငံမှာ ကိုကင်း အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော်ဖိုး ဂျပန်ဆိပ်ကမ်းမှာ ဖမ်းဆီးရရှိ

၈ နိုဝင်ဘာ

 

ဂျပန်နိုင်ငံ ကိုဘေးမြို့ရှိ ဆိပ်ကမ်းတစ်ခုမှာ အမေရိကန်ဒေါ်လာ ၇၃ သန်းခန့် တန်ဖိုးရှိတဲ့ ကိုကင်း အလေးချိန် ၄၀ဝ ကီလိုဂရမ်ကို ဖမ်းဆီးရရှိခဲ့ကြောင်း အကောက်ခွန်ဌာနရဲ့ ပြောခွင့်ရသူက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

 

ဂျပန်နိုင်ငံရဲ့ အနောက်ပိုင်းမြို့ဖြစ်တဲ့ ကိုဘေးမှာ ပြီးခဲ့တဲ့လက ကိုကင်းတွေ ဖမ်းဆီးခဲ့တာဖြစ်ပေမယ့် ဒီကနေ့မှ ထုတ်ဖော်ပြောကြားတာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရေးတွေ ဆက်လက်လုပ်ကိုင်နေတဲ့အတွက် အသေးစိတ်ကို ပြောဆိုဖို့ ငြင်းဆန်ပါတယ်။ အခုဖမ်းဆီးရရှိတဲ့ပမဏဟာ စံချိန်တဲ့ အလေးချိန်ဖြစ်ပါတယ်။

 

သြဂုတ်လဆန်းပိုင်းကလည်း တခြားဆိပ်ကမ်းတစ်ခုမှာ ကိုကင်း အလေးချိန် ၁၇၇ ကီလိုဂရမ် ဖမ်းဆီး ရရှိခဲ့ပြီးဖြစ်ပါတယ်။

 

အခုဖမ်းဆီးရရှိတဲ့ ကိုကင်းတွေက ဘယ်ကနေ လာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ။ ကိုဘေးကိုမှားပြီး ပို့လိုက်သလို ရှိတယ်လို့ စုံစမ်းဌာနက အမည်မဖေါ်လိုသူက ကျိုဒိုသတင်းဌာနကို ပြောပါတယ်။

 

ဂျပန်နိုင်ငံမှာ မူးယစ်ဆေးဝါးဟာ အထူးတင်းကျပ်ပြီး သုံးစွဲသူကို ဖမ်းမိခဲ့မယ်ဆိုရင် လူထုကြားမှာ အရှက်ခွဲခံရတာမျိုးအထိ ပြင်းပြင်းထန်ထန် အရေးယူခံရပါတယ်။

 

မူးယစ်ဆေးသုံးစွဲသူနဲ့ လက်ဝယ်ပိုင်ဆိုင်သူတွေက သိပ်လူသိမများတဲ့ ရုပ်မြင်သံကြားသရုပ်ဆောင်၊ နာမည်မကြီးတဲ့ အားကစားသမားများ ဖြစ်နေသည့်တိုင် နိုင်ငံတွင်းက သတင်းမီဒီယာရဲ့ ခေါင်းစီးပိုင်းမှာ ရက်တော်အတန်အကြာ နေရာယူလေ့ရှိပါတယ်။

 

ကျွမ်းကျင်သူတွေအပြောအရ လူငယ်တွေကြားမှာ မူးယစ်ဆေးဟာ ကြီးထွားလာနေကြောင်း သိရပါတယ်။ မူးယစ်ဆေးရောင်းဝယ်ခြင်းက ဂျပန်နိုင်ငံမှာ  ရာဇဝတ်မှုတွေနဲ့ ရာကူဇာဂိုဏ်းတွေရဲ့ အဓိက ငွေကြေးလမ်းကြောင်း တစ်ခုဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP