ဂျပန်နိုင်ငံမှ NHK ရိုက်ကူးရေးအဖွဲ့ ခရီးသွားအစီအစဉ် သတင်းမှတ်တမ်းရိုက်ကူး

ရန်ကုန်  ၂၄   အောက်တိုဘာ

 

ဂျပန်နိုင်ငံ NHK ရုပ်သံရိုက်ကူးရေးအဖွဲ့သည် ယနေ့တွင် ကုသိုလ်တော်ဘုရား၊ မန္တလေးတောင် နှင့် မန္တလေးမြို့ရှုခင်းများကို ရိုက်ကူးသည်။

 

1

 

အဆိုပါ ရိုက်ကူးရေးအဖွဲ့သည် ယမန်နေ့က မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားတွင် ရွှေသင်္ကန်း ကပ်လှူကြပုံ၊ ဝတ်ပြုဆုတောင်းပုံများ၊ ဒုက္ကရစရိယာကျင့်ဟန် ပြည်တော်အေးဘုရား ရုပ်ပွားတော်တို့အား ရိုက်ကူးခဲ့ပြီး ၄င်းဘုရားဒါယကာ ဦးလှဝင်းနှင့်  ဘုရားတည်ထားကိုးကွယ်ရခြင်းအကြောင်း  တွေ့ဆုံမေးမြန်းခန်း၊ နန်းမြို့ရိုးအရှေ့ဘက်တွင် ညအချိန် လူအများသွားလာနေပုံ၊ မန္တလေးဈေးချိုရှိ  ဈေးဆိုင်ခန်းများနှင့် အရောင်းအဝယ် ပြုလုပ်နေပုံ၊ မျက်ပါးရပ်ရှိ "ဂဠုန်မင်း" ရွှေိဆိုင်းလုပ်ငန်းတွင် ရွှေဆိုင်းပြုလုပ်ပုံ လုပ်ငန်းစဉ် တို့အား တွေ့ဆုံမေးမြန်းခန်းများ ရိုက်ကူးခဲ့သည်။

 

1

 

အဆိုပါအဖွဲ့သည် အောက်တိုဘာ ၂၅ ရက်မှ နိုဝင်ဘာ ၂ ရက်ထိ မန္တလေးမြို့ရှိ ကျောက်ဝိုင်းဈေး၊ ဦးပိန်တံတားနှင့် မန္တလေးမြို့၏ အထင်ကရနေရာများအား ဆက်လက်ရိုက်ကူးမည်ဖြစ်ပြီး ထိုသို့  ရိုက်ကူးထားမှုများကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် NHK BS ရုပ်သံလိုင်း၊ Travel Program အစီအစဉ်တွင် "မြန်မာပြည်ရှိလှပသောမြို့" ခေါင်းစဉ်ဖြင့် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်စွာ(FDC)