တိုကျို အောက်တိုဘာ ၇
ဂျပန်နိုင်ငံအတွင်းရှိ ကုမ္ပဏီအများအပြား နှင့်တက္ကသိုလ်တစ်ခုတို့တွင် အောက်တိုဘာ ၅ ရက်မှစတင်၍ အချက်အလက်များ ပေါက်ကြားခြင်းနှင့် ဆိုက်ဘာတိုက်ခိုက်မှုများ ခံခဲ့ရသဖြင့် ဖောက်သည်များ၊ ကျောင်းသားများနှင့်ဆရာများ ထိခိုက်ခံစားခဲ့ရကြောင်း သိရသည်။ ဆိုက်ဘာတိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီးနောက် ကွန်ပျူတာစနစ်ချို့ယွင်းမှုဖြစ်ကာ ကျောင်းသားနှင့်ဆရာအရေအတွက် ၁၃၀၀၀၀ ၏ အချက်အလက်များ ပေါက်ကြားခဲ့ကြောင်း အိုဆာကာမြို့ပြ တက္ကသိုလ်က အောက်တိုဘာ ၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဆိုက်ဘာ တိုက်ခိုက်ခံခဲ့ရပြီးနောက် အဆိုပါတက္ကသိုလ် သတင်းအချက်အလက်စနစ်ရှိ ဆာဗာအရေအတွက် ၅၀၀ခန့် ရပ်တန့် ခဲ့ကြောင်း သိရသည်။
ကျောင်းသားများ အပန်းဖြေဆောင်ရှိ ကွန်ပျူတာကွန်ရက်နှင့် သင်ကြားရေးဝန်ထမ်းများ၏ ဝက်ဘ်ဆိုက်မှာ အသုံးပြု၍မရခြင်းကြောင့် သင်ခန်းစာများသင်ကြားခြင်းကို ရပ်ဆိုင်းခဲ့ရသည်။
ဂျပန်နိုင်ငံရှိ လျှော့ဈေးဖြင့် ရောင်းချသော စတိုးဆိုင်လုပ်ငန်းစု Mr. Max Holdings Ltd. က ၎င်းတို့၏ အွန်လိုင်းဈေးဝယ်ဝန်ဆောင်မှုများကို ကိုင်တွယ်ဆောင်ရွက်သည့် ဆာဗာတစ်ခုအား ဆိုက်ဘာတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ဖောက်သည် ၁ ဒသမ ၇ သန်း၏ ကိုယ်ရေးအချက်အလက်များ ပေါက်ကြားခဲ့ကြောင်း ပြောကြားခဲ့သည်။
Yakiniku King အသားကင်စားသောက် ဆိုင်ခွဲများကို လုပ်ကိုင်လျက်ရှိသော Monogatari Corp က ၎င်းလုပ်ငန်း၏ စားသောက်ဆိုင်၌ စားပွဲကြိုတင်မှာယူခြင်းနှင့် ဆုလာဘ်အစီအစဉ်များအတွက် အသုံးပြုသည့် စမတ်ဖုန်းအပလီကေးရှင်းကို ထောက်ပံ့ပေးထားသော စနစ်တစ်ခုအား ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ကြည့်ရှုခံခဲ့ရမှုကြောင့် မှတ်ပုံတင်ထားသော အသုံးပြုသူအများစု၏ အချက်အလက်ပေါင်း ၁၀ သန်းကျော် ပေါက်ကြားခဲ့ကြောင်း ပြောကြားသည်။
ဆင်ဟွာ


