ဂျပန်နိုင်ငံအနောက်ပိုင်းတွင် ဆီးနှင်းများထူထပ်စွာကျဆင်း

၁၇ ဖေဖော်ဝါရီ

မိုးလေဝသ ပညာရှင်များက  ဂျပန်နိုင်ငံအနောက်ပိုင်းတွင် ဆီးနှင်းများထူထပ်စွာကျဆင်းနေပြီး ယာဉ်ကြောများပိတ်ဆို့နိုင်သည်ဟု   သတိပေး ပြောကြားခဲ့သည်။

ကျူရှူးဒေသရှိ အချို့သောမြို့များတွင် ဆောင်းရာသီ ၏ ပထမဆုံး ဆီးနှင်းများကျဆင်းမှုကို ယနေ့မနက်ပိုင်းက တွေ့ရှိခဲ့သည်။ 

ဆောင်းရာသီ၏ ပထမဆုံး ဆီးနှင်းများကျဆင်းမှုသည်  ဖူကိုအိုကာ မြို့တော်တွင် နှစ်ပေါင်း ၁၁၁ နှစ်အတွင်း ဖြစ်ပေါ်ခဲ့သည်။

ဆီးနှင်းများ ထူထပ်စွာကျရောက်သည့် ဒေသအများစုသည် တောင်ထူထပ်သော ဒေသများတွင်ဖြစ်နိုင်သော်လည်း မြေနိမ့်ဒေသများမှာလည်း  ဆီးနှင်းများဖုံးလွှမ်းမည် ဖြစ်ကြောင်း  ဂျပန်မိုးလေဝသအေဂျင်စီ တာဝန်ရှိသူများက ပြောကြားသည်။

ဂျပန်နိုင်ငံ မြောက်ပိုင်းနှင့် အရှေ့ပိုင်း ဒေသများတွင်လည်း အင်္ဂါနေ့အထိ ဆီးနှင်းများ ထူထပ်စွာ ကျဆင်းနိုင်သည်ဟု ၎င်းတို့က ဆိုသည်။

အချို့သောဒေသများတွင် အင်္ဂါနေ့မနက်ပိုင်းအထိ ဆီးနှင်းများကျဆင်းမှု ၁၀ မှ ၅၀ စင်တီမီတာ ထိ ရှိနိုင်သည်ဟု မိုးလေဝသပညာရှင်များက ခန့်မှန်းထားသည်။

မိုးလေဝသပညာရှင်များသည် ပြည်သူများကို ဂျပန်ပင်လယ်ကမ်းရိုးတန်းဒေသများသို့ လေပြင်းများကျရောက်နိုင်ကြောင်း၊ နှင်းမုန်တိုင်းများနှင့် ဒီရေလှိုင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးပြောကြားထားသည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို