ဂျပန်နိုင်ငံ တိုကျိုတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၄၃ ဦး ထပ်မံတွေ့ရှိ

၁၅ ဇူလိုင်

 

 

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် များမကြာမီက ကိုဗစ်-၁၉ ကူးစက်မှုများ မြင့်မားလာသဖြင့် အစုအပြုံလိုက် ကူးစက်မှုများနှင့်ပတ်သက်ပြီး မည်သို့တုံ့ပြန် လုပ်ဆောင်ရမည်ကို တိုကျိုမြို့ရှိ တာဝန်ရှိသူများက စဉ်းစားနေကြသည်။

 

 

ရောဂါကူးစက်သူ အရေအတွက်မှာ လေးရက်ဆက်တိုက် ၂၀၀ ကျော် ရှိခဲ့ပြီးနောက် ယခုရက်များတွင် ကူးစက်သူ ဦးရေ ၁၀၀ ကျော်ဖြင့် ရပ်တန့်နေသည်ဟု ဖော်ပြထားသည်။

 

 

ဇူလိုင် ၁၄ ရက်က တိုကျိုမြို့တော်တွင် ရောဂါကူးစက်ခံရသူ ၁၄၃ ဦး ထပ်မံတွေ့ရှိကြောင်း အတည်ပြုခဲ့ပြီး ကူးစက်ခံရသူ စုစုပေါင်း ၈၂၀၀ ရှိလာသည်။

 

 

မကြာသေးမီက ဖြစ်ပွားခဲ့သော ကူးစက်မှုများသည် လူငယ်များအကြား (သို့မဟုတ်) ညပွဲလမ်းသဘင်များသို့ သွားရောက်လည်ပတ်သူများတွင် ကူးစက်မှု များပြားခဲ့သည်။

 

 

အစုအပြုံလိုက် ကူးစက်မှုများမှာလည်း ညပွဲလမ်းသဘင်များသို့ သွားရာမှ ကူးစက်ခြင်း ဖြစ်သည်ဟု အတည်ပြုထားသည်။

 

 

ဂျပန်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူဦးရေ ၂၂၀၀၀ ကျော် တွေ့ရှိခဲ့သည်။ ရောဂါကူးစက် ခံရမှုကြောင့် လူဦးရေ ၁၀၀၀ နီးပါး သေဆုံးခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို