ဩဂုတ် ၁၀
ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် အသက်ဝင်ပြီး ၁၀ လအတွင်း ကလေးဦးရေ ၃၀၀ ထက်မနည်းသေဆုံးကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ပြောကြားခဲ့သည်။
အမေရိကန်ဦးဆောင်သော ငြိမ်းချမ်းရေးအစီအစဉ်အရ ဟားမတ်စ်နှင့် သဘောတူညီချက် စတင်အသက်ဝင်ခဲ့သည့် အောက်တိုဘာလနောက်ပိုင်း အစ္စရေးက ဂါဇာဒေသအတွင်း ရံဖန်ရံခါ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
အစ္စရေးဘက်ကမူ ဟားမတ်စ်သည် အဆိုပါ သဘောတူညီချက်ကို ချိုးဖောက်ခဲ့သည်ဟု စွပ်စွဲထားသည်။
ဒေသခံအာဏာပိုင်များက ယမန်နေ့ကအထိ ၁၀ လခန့်အတွင်း လူပေါင်း ၁၂၅၀ ကျော် သေဆုံးခဲ့သည်ဟု ဆိုသည်။
အဖွဲ့အစည်းအားလုံးသည် ကလေးများကို ကာကွယ်ရမည်ဟု ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့က ပြောကြားခဲ့သည်။ နိုင်ငံတကာဥပဒေအရ ၎င်းတို့၏တာဝန်ဝတ္တရားများကိုလိုက်နာရန် ၎င်းတို့အား တိုက်တွန်းခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


