ဂါဇာဒေသ ငြိမ်းချမ်းရေးအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်မည်ဟု ဟားမတ်စ် ပြောကြား

ဂါဇာ စက်တင်ဘာ ၂၄

ဂါဇာဒေသ ငြိမ်းချမ်းရေးဘုတ်အဖွဲ့နှင့် လက်တွဲ၍ ဂါဇာဒေသငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အသင့်ရှိကြောင်း ဟားမတ်စ်အဖွဲ့က စက်တင်ဘာ ၂၄ ရက်တွင် ပြောကြားသည်။

အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အစ္စရေးက ဟန့်တားနေခြင်းဖြင့်  အစ္စရေးအစိုးရ၏ ငြိမ်းချမ်းရေးကိုမလိုလားသည့် အပြုအမူနှင့် ဂါဇာဒေသခံများအား ကျူးကျော်တိုက်ခိုက်လိုသည့် ရပ်တည်ချက်ကို ပြသနေပြီး ငြိမ်းချမ်းရေးဘုတ်အဖွဲ့နှင့် ၎င်း၏ ကိုယ်စားလှယ်များကိုလည်း လုပ်ငန်းမဆောင်ရွက်နိုင်ရန် ရည်ရွယ်သည့် ဆောင်ရွက်ချက်ဖြစ်ကြောင်း   ဟားမတ်စ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဟေဇန်ကွာဆန်က   ပြောကြားသည်။ အမေရိကန်တာဝန်ရှိသူများနှင့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့အနေဖြင့် လက်ရှိအချိန်တွင် ပညာရှင်များဆိုင်ရာကော်မတီအား ဂါဇာဒေသအတွင်းတွင် ဝင်ရောက်တာဝန်ထမ်းဆောင်နိုင်ရေး ဆောင်ရွက်ပေးသင့်ပြီး နိုင်ငံတကာတပ်ဖွဲ့များကိုလည်း တပ်စွဲစေသင့်ကြောင်း ၎င်းက ပြောကြားသည်။

အမေရိကန်သမ္မတထရမ့် ဦးဆောင်သည့် ဂါဇာဒေသငြိမ်းချမ်းရေးဘုတ်အဖွဲ့သည် ဇူလိုင် ၃၁ ရက်တွင် အချက် ၁၅ ချက် ပါဝင်သည့် ငြိမ်းချမ်းရေးအဆိုပြုချက်ကို တင်ပြပြီး ဂါဇာဒေသတွင် တိုက်ခိုက်မှုများ ရပ်ဆိုင်းရန်နှင့် အရပ်သားအုပ်ချုပ်ရေးစနစ်သို့   ကူးပြောင်းရေး တောင်းဆိုခဲ့သည်။

ဆင်ဟွာ