နယူးဒေလီ ဩဂုတ် ၅
အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဂျာခန်းပြည်နယ်၌ မိုးကြိုးပစ်ခတ်မှုများကြောင့် ၁၄ ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ဩဂုတ် ၅ ရက်တွင် ဖော်ပြသည်။ ဩဂုတ် ၄ ရက် မွန်းလွဲပိုင်းက ဂီရီဒီ၊ ဒမ်ကာနှင့် လာတီဟာခရိုင်တို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယမိုးလေဝသဌာနက ဩဂုတ် ၅ ရက်မှ ၈ ရက် အထိ နိုင်ငံတစ်ဝန်း နေရာအနှံ့မိုးရွာသွန်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားသည်။ နှစ်စဉ် မိုးရာသီကာလအတွင်း အိန္ဒိယနိုင်ငံ၌ မိုးကြိုးပစ်ခတ်မှုများကြောင့် ရာနှင့်ချီ သေဆုံးလေ့ရှိသည်။
ဆင်ဟွာ


