G7 ထိပ်သီးအစည်းအဝေးမှာ ရုရှားကို ဖိတ်မယ့်အစီအစဉ်ကို ကနေဒါဝန်ကြီးချုပ် ကန့်ကွက်

၂ ဇွန်

G7 ထိပ်သီးအစည်းအဝေးမှာ ရုရှားကို ဖိတ်မယ့်အစီအစဉ်ကို ကနေဒါဝန်ကြီးချုပ်က တနင်္လာနေ့က ကန့်ကွက်လိုက်ပါတယ်။ အစည်းအဝေးရဲ့ အိမ်ရှင်ဖြစ်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရုရှားကို ဖိတ်ကြားချင်နေပါတယ်။

ကနေဒါဝန်ကြီးချုပ်က  လွန်ခဲ့တဲ့ တစ်နှစ်က ခရိုင်းမီးယားကို ကျူးကျော်ခဲ့တဲ့အတွက် ရုရှားကို G7 ကနေ ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတကာစည်းမျဉ်းတွေကို အလေးမထားတာတွေ ဆက်လက်ပြုလုပ်နေတဲ့အတွက် G7 ရဲ့ အပြင်မှာဘဲ ရှိနေရမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ဇူလိုင်မှာ ကျင်းပဖို့ပြင်ဆင်ထားတဲ့ အမေရိကန်၊ ဂျာမနီ၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ အီတလီနဲ့ ဂျပန်နိုင်ငံတို့ တက်ရောက်ကြမယ့် G7 အစည်းအဝေးမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဂျာမန်ဝန်ကြီးချုပ်က အစည်းအဝေးကို မလာနိုင်ဘူးလို့ ပြောပြီးနောက် သမ္မတထရန့်က အစည်းအဝေးပွဲကို စက်တင်ဘာလမှာ ကျင်းပဖို့ ရွှေ့ဆိုင်းလိုက်တဲ့အပြင် ရုရှားနဲ့ တခြားနိုင်ငံတွေကိုလည်း ဖိတ်ကြားဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

G7 ဆိုတာ ကမ္ဘာမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ကိုယ်စားပြုတယ်လို မထင်ဘူး။ ခေတ်မီတဲ့ နိုင်ငံတွေ ပါဝင်တယ်လို့ ယူဆတဲ့အတွက် ရုရှား၊ တောင်ကိုရီးယား၊ ဩစတြေးလျားနဲ့ အိန္ဒိယနိုင်ငံတွေ ပါဝင်ဖို့ စက်တင်ဘာမှာ ကျင်းပမယ့်အစည်းအဝေးမှာ ဖိတ်မယ်လို့ သမ္မတထရန့်က ပြောကြားပါတယ်။

၂၀၁၄ ခုနှစ်မတိုင်မီက G8 ဆိုပြီး ရုရှားပါဝင်နေပေမယ့် ယူကရိန်းနိုင်ငံကနေ ရုရှားက ခရိုင်းမီးယားကို ကျူးကျော်ပြီး သိမ်းပိုက်လိုက်တဲ့အတွက် ရုရှားကို ထုတ်ပယ်ပြီး G7 ဆိုပြီး ဖြစ်လာပါတယ်။

 

MDN

ကိုးကား - AFP