FIFAe World Cup 2026 Continental Championship တွင် မြန်မာအသင်း ရမှတ်တစ်မှတ် ရရှိထား

ရန်ကုန်     ဩဂုတ်     ၁၉

FIFAe World Cup 2026 Continental Championship Day 1 ကို သြဂုတ် ၁၉ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ကျင်းပရာ မြန်မာအသင်း ရမှတ်တစ်မှတ်ရရှိထားသည်။ မြန်မာအသင်းသည်   Day 1 တွင် သုံးပွဲကစားရာ တစ်ပွဲသရေ၊ နှစ်ပွဲရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် အိန္ဒိယအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ဂျပန်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ပြီး ဥဇဘက်ကစ္စတန်အသင်း နှင့် တစ်ဂိုးစီ သရေကျခဲ့သည်။

လက်ရှိတွင် မြန်မာအသင်းသည် အာရှအုပ်စု အဆင့် (၈)နေရာတွင် ရပ်တည်နေပြီး အဆင့် (၆) ရရှိလျှင်ပင် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။    Continental  Championship   ပြိုင်ပွဲခရီးစဉ်မှာ ဆက်လက်ရှိနေသေးသောကြောင့်  မြန်မာအသင်းသည်  ပွဲများ  ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်သည်။       

သတင်း - မောင်စံကြီး

ဓာတ်ပုံ - MFF