ရန်ကုန် ဩဂုတ် ၂၀
FIFAe World Cup 2026 Continental Championship Day-2 ပွဲစဉ်များကို သြဂုတ် ၂၀ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့ပြီး မြန်မာအသင်း ပြိုင်ပွဲမှထွက်ခဲ့ရသည်။
မြန်မာအသင်းသည် Day-2 တွင် ပွဲစဉ်လေးပွဲယှဉ်ပြိုင်ခဲ့ရပြီး တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ နှစ်ပွဲရှုံးနိမ့် ခဲ့သည်။ မြန်မာအသင်းသည် ထိုင်းအသင်းကို နှစ်ဂိုး- တစ်ဂိုးဖြင့် အနိုင်ရသော်လည်း အင်ဒိုနီးရှားအသင်းကို တစ်ဂိုး - ဂိုးမရှိ၊ မလေးရှားအသင်းကို တစ်ဂိုး- ဂိုးမရှိဖြင့် အရေးနိမ့်ကာ ဂျော်ဒန်အသင်းနှင့် ဂိုးမရှိသရေကျခဲ့သည်။ မြန်မာအသင်းသည် နှစ်ရက်ပေါင်း ရမှတ်ငါးမှတ်သာရရှိပြီး အဆင့်(၇) နေရာသာရရှိသဖြင့် နောက်တစ်ဆင့်တက်ခွင့်မရဘဲ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။
ချစ်ကိုကို


