ပုသိမ် ဩဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်မေသန်းဦးသည် ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးဆားလုပ်ငန်းရုံး၌ ဆားလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
တွေ့ဆုံရာတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ၂၀၂၆ - ၂၀၂၇ ဆားလုပ်ငန်းရာသီအချိန်တွင် လျာထားချက် ပြည့်မီအောင် ထုတ်လုပ်နိုင်ရေးအတွက် စက်သုံးဆီလိုအပ်ချက်များ အချိန်မီရရှိနိုင်ရေး၊ ဆားတောင်သူအဖွဲ့များ ဖွဲ့စည်းပုံကျစ်လျစ်ခိုင်မာရေး၊ လိုအပ်သည့်ပံ့ပိုးကူညီမှုများ ရရှိနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားရာ တက်ရောက်လာကြသော တိုင်းဒေသကြီး ဆားလုပ်ငန်းဦးစီးမှူးနှင့် ငပုတောမြို့နယ်၊ လပွတ္တာမြို့နယ်၊ ဖျာပုံမြို့နယ်တို့မှ ဆားတောင်သူအသင်းအဖွဲ့ဝင်များက လျာထားချက် ပြည့်မီအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားကြသည်။
ကျော်ဟိန်း(ပြန်/ဆက်)


