ပုသိမ် စက်တင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ငြိမ်းငြိမ်းဝင်း သည် တိုင်းဒေသကြီးညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးများနှင့်အတူ စက်တင်ဘာ ၂၉ ရက် ညနေပိုင်းက ပုသိမ်ခရိုင် စာရင်းစစ်ရုံးသို့ သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံကာ ရုံးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ငြိမ်းငြိမ်းဝင်း သည် ပုသိမ်ခရိုင်စာရင်းစစ်ရုံးမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ စစ်ဆေးရေးလုပ်ငန်းများ ထိရောက် အောင်မြင်စေရေး၊ ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းတာဝန်များကို ကျင့်ဝတ်သိက္ခာနှင့်အညီ လိုက်နာ ဆောင်ရွက်ရန်၊ Bookkeeping သင်တန်း၊ ဌစသင်တန်းဖွင့်လှစ် မည့်ကိစ္စရပ်များကို ဆွေးနွေး သည်။
ထို့နောက် ဧရာဝတီ တိုင်းဒေသကြီးစာရင်း စစ်ချုပ်နှင့် အဖွဲ့သည် တိုင်းဒေသကြီးစာရင်း စစ်ချုပ်ရုံး ဘန့်ဘွေးကုန်း အမျိုးသမီးဝန်ထမ်း အဆောင် နှစ်ဆောင်နှင့် နှစ်ခန်းတွဲ အရာထမ်းနေအိမ်များသို့ သွား ရောက်ကာ အိမ်ရာအဆောင်များ လုံခြုံရေး၊ သန့်ရှင်းရေးနှင့် ပြင်ဆင်ရန် လိုအပ်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အဆောင်နေ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားပစ္စည်း လေးမျိုး တပ်ဆင်ရန် လေဝင်လေထွက် ကောင်းမည့်နေရာ ရွေးချယ်ခြင်းနှင့် လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)


