ပုသိမ် စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ဦးဝင်းမြိုင်သည် တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဒေါ်စန္ဒာကျော်၊ ပုသိမ်ခရိုင် တရားသူကြီး ဒေါ်သန္တာရှင်၊ ကျုံပျော်ခရိုင်တရားသူကြီး ဒေါ်ဖြူဖြူခိုင်တို့နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပုသိမ်အကျဉ်းထောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးနှင့် တာဝန်ရှိသူများသည် အကျဉ်းထောင်အတွင်း အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများနေထိုင်သည့် အဆောင်များ၊ စားဖိုဆောင်၊ အကျဉ်းထောင်ဆေးရုံတို့ကို လှည့်လည်ကြည့်ရှုပြီး ၎င်းတို့၏ ဥပဒေပါအခွင့်အရေးများရရှိခြင်း ရှိ/ မရှိ၊ နေရာထိုင်ခင်းအဆင်ပြေမှု ရှိ/ မရှိ၊ စားသောက်ရာတွင် အာဟာရသင့်တင့်မျှတမှု ရှိ/ မရှိ နှင့် ကျန်းမာရေးစောင့်ရှောက်မှု ရှိ/ မရှိ တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


