ရန်ကုန် ဩဂုတ် ၁၄
ဧရာဝတီအက်ဖ်စီ အမျိုးသမီး အသင်းသည် ရှေ့လာမည့် အာရှချန်ပီယံလိဂ် ပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ဥရောပအမျိုးသမီး ချန်ပီယံလိဂ် (UEFA Women's Champions League) အပါအဝင် ဥရောပနှင့် အာရှကလပ်များတွင် ယှဉ်ပြိုင်ကစားခဲ့ပြီး အတွေ့အကြုံရင့် အမေရိကန် နိုင်ငံသား အမျိုးသမီး တောင်ပံကစားသမား မက်ကန်နာ ဒေးဗစ် ဆန်ကို တရားဝင်ခေါ်ယူလိုက်ပြီ ဖြစ်သည်။
စွယ်စုံရ ကစားသမားတစ်ဦးဖြစ်သည့် McKenna Davidson သည် တောင်ပံတိုက်စစ် အပြင် ခံစစ်နေရာများတွင်လည်း ကျွမ်းကျင်စွာ ကစားနိုင်သူဖြစ်သည့်အတွက် ဧရာဝတီအက်ဖ်စီ၏ တိုက်စစ်နှင့် ခံစစ်ပိုင်း နှစ်ခုစလုံးကို ပိုမိုအင်အားတောင့်တင်းလာစေမည်ဖြစ်သည်။
၎င်း၏ နိုင်ငံတကာပြိုင်ပွဲကြီးများတွင် ကစားခဲ့သည့် အတွေ့အကြုံများသည် အာရှချန်ပီယံလိဂ် ပြိုင်ပွဲ၌ အသင်းအောင်မြင်မှုများ ဆွတ်ခူးနိုင်ရေးအတွက် အဓိက အထောက်အကူ ပြုနိုင်မည်ဟု ဧရာဝတီအက်ဖ်စီ အသင်းဘက်က အပြည့်အဝ ယုံကြည်မျှော်လင့်ထားကြောင်း သိရသည်။
နေမျိုး၊ ဓာတ်ပုံ-AWFC


