ဘန်ကောက် အောက်တိုဘာ ၁၅
ဆွစ်ဇာလန်သမ္မတ ဂိုင်ပါမယ်လင်သည် ၂၂ နှစ်တာကာလအတွင်း ထိုင်းနိုင်ငံသို့ ပထမဦးဆုံးအကြိမ် တရားဝင်ခရီးစဉ်အဖြစ် လာရောက်ခဲ့ရာ အဆိုပါခရီးစဉ်အတွင်း ထိုင်းနိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံတို့သည် လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက်အသစ် လျင်မြန်စွာအကောင်အထည်ဖော်နိုင်ရေး အောက်တိုဘာ ၁၅ ရက်က ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆွစ်ဇာလန်၊ နော်ဝေ၊ အိုက်စလန်နှင့် လစ်တန်စတိန်းနိုင်ငံတို့ ပါဝင်သည့် ဥရောပလွတ်လပ်သော ကုန်သွယ်ရေးအသင်း (EFTA) နှင့် ထိုင်းနိုင်ငံကြား ပြုလုပ်ထားသည့် သဘောတူညီမှုသည် ထိုင်းပါလီမန် ၏ခွင့်ပြုချက်ကို ရရှိခဲ့ပြီးဖြစ်သည်။
ထိုင်းဝန်ကြီးချုပ် အနုထင်ချာဝီရကွန်သည် ဆွစ်ဇာလန် သမ္မတ ပါမယ်လင်နှင့် ဘန်ကောက် မြို့၌ ဆွေးနွေးမှုများအပြီး အဆိုပါသဘောတူညီချက်သည် ကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှုနှင့် အခွင့်အလမ်းများကို ပိုမိုတိုးချဲ့ပေးနိုင်မည်ဖြစ်သကဲ့သို့ နှစ်နိုင်ငံလုံးရှိ စီးပွားရေးလုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကိုပိုမိုမြင့်မားလာစေမည်ဟု ပြောကြားခဲ့သည်။ ဆွစ်ဇာလန်နိုင်ငံသည် ထိုင်းနိုင်ငံ၏ အကြီးဆုံး ဥရောပကုန်သွယ်ရေး မိတ်ဖက်ဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ဆင်ဟွာ


