ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကျင်းပရန် ခေါ်ယူ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်သူ့လွှတ်တော် ကြေညာချက်အမှတ် (၃/၂၀၂၀) ၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၂ ရက်

(၂ဝ၂ဝ ပြည့်နှစ်၊ ဇွန်လ ၂၁ ရက်) ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက်

ပုံမှန်အစည်းအဝေးကျင်းပရန် ခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၆၊ ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၅ နှင့် ၂၀၁၃ | ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေများ၏ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (ခ) တို့အရ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၉ ရက် (၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၃ ရက်) တနင်္လာနေ့၊ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာအပ်ပါသည်။

                                                                                                                               (ပုံ) တီခွန်မြတ်

                                                                                                                                      ဥက္ကဋ္ဌ