ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက်ပုံမှန်  အစည်းအဝေး တတိယနေ့ကျင်းပ

ဘားအံ  ၄  စက်တင်ဘာ

 

ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီက ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ကြယ်ပွင့်ပြထားသည့် မေးခွန်းများမေးမြန်းခဲ့ရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့သည်။                                

 

ထို့နောက် ကရင်ပြည်နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းဥပဒေကြမ်း၊  ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို အတည်ပြုရန်  ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ် ရယူခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်မှုမရှိ သဘောတူညီ ကြသည့်အတွက် ပြည်နယ်လွှတ်တော်မှ အတည်ပြုကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။

 

ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်၏ ၂၀၁၉ ခုနှစ် တရားရုံးနှစ်စဉ် အစီရင်ခံစာနှင့် ကရင် ပြည်နယ် အတွင်းရှိ ဌာန/အဖွဲ့အစည်းများ၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာငွေ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းများနှင့် စပ်လျဉ်း၍ ပြည်နယ်စာရင်းစစ်ချုပ်ရုံး၏   စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတို့နှင့် စပ်လျဉ်း၍ မှတ်တမ်းတင်ရန် ပြည်နယ်လွှတ်တော်၏ သဘောထားရယူခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်မှုမရှိ သဘောတူညီကြသည့်အတွက် အဆိုပါ အစီရင်ခံစာတို့အား ပြည်နယ်လွှတ်တော်မှ မှတ်တမ်း တင်ကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့ပြီး ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ရပ်နားခဲ့ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)