ဘာလင် ဩဂုတ် ၂၀
မောင်းသူမဲ့လေကြောင်းစနစ်များ အသုံးပြုခြင်းနှင့် အရေးပါသော အခြေခံအဆောက်အအုံများကို ဖြစ်နိုင်ခြေရှိသော အလွဲသုံးစားမှုပြုလုပ်ခြင်းများမှ ကာကွယ်ရန် ဂျာမနီနိုင်ငံ၌ ဒရုန်းလုံခြုံရေး ဆိုင်ရာ နည်းပညာစင်တာသစ်ကို ဩဂုတ် ၁၈ ရက်က ဖွင့်လှစ်ခဲ့သည်။
ဆက်ဆိုနီ-အန်ဟတ်ပြည်နယ် ကော့စတက်မြို့တွင်ရှိသည့် အဆိုပါစင်တာကို ဂျာမနီပြည်ထဲရေးဝန်ကြီးဌာန၊ သုတေသန၊ နည်းပညာနှင့် အာကာသဝန်ကြီးဌာနနှင့် ဂျာမနီအာကာသစင်တာတို့ ပူးပေါင်း၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစင်တာအသစ်သည် သုတေသနနှင့် လက်တွေ့အသုံးချမှုတို့အကြား ကွာဟချက်များကို ပေါင်းကူးပေးရန် ရည်ရွယ်ပြီး ဒရုန်းများ၏ ခြိမ်းခြောက်မှုများကို တားဆီးကာကွယ်ရန်နှင့် ထောက်လှမ်းရေးနည်းပညာများ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းစင်တာ၌ အမှန်တကယ်ဖြစ်နိုင်သည့် အခြေအနေများအောက်တွင် အဆင့်မြင့် ဒရုန်းတားဆီးရေးနည်းပညာများကို စမ်းသပ်နိုင်မည်ဖြစ်ကြောင်း ဂျာမနီပြည်ထဲရေးဝန်ကြီး အလက်ဇန်ဒရား ဒိုဘရင့်က ပြောသည်။
ဆင်ဟွာ


