ဒလမြို့နယ်၌ စုရပ်(၈၉)ခုတို့တွင် ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်များကို ထိုးနှံပေးလျက်ရှိ

ရန်ကုန် ဇွန်  

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်အစီအစဉ်ကို ဧပြီ ၁ ရက်မှ စတင်ကာ ယာယီရပ်ဆိုင်းထားခဲ့ရာမှ ဧပြီလနှင့် မေလတွင် ဆေးမထိုးနှံခဲ့ရသည့် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းကို ဇွန် ၁ ရက်မှစတင်ပြီး ဒေသန္တရကျန်းမာရေးဌာနများ၊ ကျေးလက်ကျန်းမာရေးဌာနများ၊ ရပ်ကွက်နှင့် ကျေးရွာများတွင် စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက် နာရီက စက်မြေရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ဒလမြို့နယ်အတွင်း၌ ပုံမှန်ကာကွယ်ဆေးထိုး စုရပ်(၈၉)ခုထားရှိကာ ကာကွယ်ဆေးများ ထိုးနှံ၊ တိုက်ကျွေးလျက်ရှိရာ စုရပ်တစ်ခုစီတွင် နေ့စဉ် ကလေးငယ်(၅၀)ဦးအထိ လက်ခံထိုးနှံပေးပြီး ကိုယ်ဝန်ဆောင် မိခင်များကိုလည်း မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းတို့ကို ပြုလုပ်ပေးလျက်ရှိကြောင်း၊ လာရောက်ထိုးနှံကြသည့် မိခင်နှင့် ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များကို ပေအကွာ သတ်မှတ်ပေးပြီး ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် လက်ဆေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီးမှသာ ထိုးနှံပေးကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်းမှ သိရသည်။

 

ဒလမြို့နယ်၌ ကာကွယ်ဆေးထိုး၊ ဆေးတိုက်ကျွေးရမည့် ကလေးငယ်ပေါင်း (၃၂၁၇)ဦးရှိပြီး ဇွန် ရက်မှ စတင်ကာ ရက်သတ္တပတ်()ပတ် ဆက်တိုက်ထိုးနှံပေးသွားမည်ဖြစ်သည်။ အဆိုပါ ကာကွယ်ဆေးထိုးခြင်း အစီအစဉ်များ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲ သူနာပြုတပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက စနစ်တကျ ထိုးနှံပေးနိုင်ရေးအတွက် ပူးပေါင်းကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ- နိုင်လင်းကျော်(ဒလ)