ရန်ကုန် ဇူလိုင် ၁၉
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ဥပဒေအသိပညာပေး ပြည်သူ့စကားဝိုင်ကို ဇူလိုင် ၁၇ ရက်က ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် (၁၀၆)ရပ်ကွက် အောင်ဇေယျာသီရိဓမ္မာရုံ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးယု၊ မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူး မိုးသီဟကျော်၊ မြို့နယ်ဥပဒေအရာရှိ ဦးတေဇာကျော်၊ အမှတ်(၂၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး ရဲတပ်ကြပ်ကြီး သူရအောင်တို့က ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဥပဒေများ စသည့်မှုခင်းကျဆင်းရေးဆိုင်ရာများ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
နေမျိုးအောင်


