ဒေါပုံ စက်တင်ဘာ ၁၃
ဒေါပုံမြို့နယ်တွင် မြို့နယ်သမဝါယမအသင်း အမှုဆောင်သစ် ရွေးချယ်ပွဲကို ယနေ့နံနက်ပိုင်းက ရွှေယမုံခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်သမဝါယမ အသင်းဥက္ကဋ္ဌ ဦးဘုန်းနိုင် က အသင်း၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြီး အသင်းအမှုဆောင်အဖွဲ့ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို တာ၀န်ရှိသူများက ဖတ်ကြားတင်ပြကာ အတည်ပြုချက်ရယူကြသည်။
ထို့နောက် အမှုဆောင်သစ် ရွေးချယ်ပွဲ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေသူမြင့် က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး သမဝါယမအသင်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားကာ အမှုဆောင် ဒါရိုက်တာအဖွဲ့ဝင် ခုနစ်ဦးနှင့် အသင်းစာရင်းစစ် နှစ်ဦးတို့ကို အမှုဆောင်သစ်များအဖြစ် လုပ်ထုံး၊ လုပ်နည်းများနှင့် အညီ ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)


